ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာပြည်ဝင်ခွင့်ပိတ်ပင်မှုအပေါ် သုံးသပ်ချက်

0

နေ့စွဲ။ ။ ၂၀ ဒီဇင်ဘာလ ၂၀၁၇
မေးမြန်းသူ။ ။မသင်းသီရီ (RFA)

Ms.Yanghee Lee ရဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ အမြင်အမျိုးအမျိုးရှိကြသလို ဝေဖန်မှုတွေရှိကြပေမဲ့ တခြားနည်းလမ်းနဲ့သာအဖြေရှာဖို့လိုအပ်ပြီးရှိရင်းစွဲဆက်ဆံရေးကိုတော့ မရပ်သင့်ဘူးလို့ လူ့အခွင့် အရေးလှုပ်ရှားနေတဲ့ Equality Myanmar ညီမျှခြင်း မြန်မာရဲ့ ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းကပြောပါတယ်။

ဦးအောင်မျိုးမင်း။ ။အလိုမျိုးMs.Yanghee Lee နဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ ထုတ်ပြန် လိုက်တဲ့အပေါ် ကျနော်တော်တော်လေးအံ့အားသင့်ပါတယ် အရင်ကရှိပြီးသားဆက်ဆံရေးလက်တွဲလုပ်ဆောင်မှုကိုမပျက်စေချင်ပါဘူးတကယ်လို့ ဒါတွေသာပျက်သွားမယ်ဆိုရင် ကုလသမဂ္ဂရဲ့ မှတ် တမ်းထဲမှာကျနော်တို့ အနီကဒ်ထိသွားတဲ့ သဘောမျိုးဖြစ်သွားနိုင်ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ အဖွဲ့အစည်းရဲ့ ဝေဖန်မှုတွေ အရေးယူဆက်ဆံမှုတွေ ရှိနေတဲ့ကြားကအခုလိုကုလသမဂ္ဂကခန့်အပ်ထားတဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်တစ် ယောက်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ လက်မခံဘူးလို့ မြန်မာအစိုးရဘက် ငြင်းလိုက်တာက ပြဿနာကိုဖြေရှင်းနိုင်မယ်လို့ ထင်ပါသလားနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးဟောင်းဦးရဲထွဋ်က

ဦးရဲထွဋ်။ ။ပြဿနာကိုမဖြေရှင်နိုင်ဘူးပေါ့ဗျာဒါပေမဲ့ အစိုးရရဲ့လုပ်ဆောင်ချက်ကတော့ ကျနော် နားလည်သလောက်ပြောရရင် ဘက်မလိုက်တဲ့ တိကျမှန်ကန်တဲ့ ပါဝင်ဆောင်ရွက်မှုမျိုးကိုလိုချင်တဲ့ သတင်းအချက်အလက်ပေးဖို့ ကြိုးစားတာလို့ ကျနော်မြင်ပါတယ်။တဖက်ကလည်းဒီအချက်အလက် တွေမှန်ကြောင်းကို နိုင်ငံတကာကလေ့လာနိုင်မယ့် အခွင့်အရေးမျိုးပေးတာမျိုးကိုကျနော်တို့ကလုပ်ပေးဖို့လိုတာပေါ့ ဒီနှစ်ခုကပူးပေါင်းပြီးလုပ်ရမယ်လို့ထင်ပါတယ်။

ဒီအခြေအနေတွေကကုလသမဂ္ဂနဲ့ မြန်မာအစိုးရကြားဆက်ဆံရေးကိုယ်ထိခိုက်နိုင်သလိုအရင်စစ် အစိုးရလက်ထက်ကပုံစံနဲ့တူနေတယ်လို့ ညီမျှခြင်း မြန်မာအဖွဲ့ ဦးအောင်မျိုးမင်းကထောက်ပြပါတယ်။

ဦးအောင်မျိုးမင်း။ ။အခုလိုအခြေအနေမျိုးမှာဒါနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာကပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုတာအရင်တုန်းကကျင့်သုံးခဲ့တဲ့ စစ်တပ်ကမပူးပေါင်းဘူးမဆောင်ရွက်ဘူး ငြင်းဆန်မယ်ဆိုတဲ့ ပေါ်လစီအတိုင်းပဲရောက်ပါတယ် ဖြစ်ပွားနေတဲ့ကိစ္စမှာလွတ်လွတ်လပ်လပ် သွားရဖို့ စုံစမ်းနိုင်တာမျိုးတွေ တဖက်တည်းမကပဲနဲ့ ပါဝင်ပတ်သက်နေတဲ့ ဘက်ပေါင်းစုံကိုတွေ့ဆုံမေးမြန်းခွင့်ပေးတာမျိုးတွေ၊ သတင်းအမှန်တွေရရှိဖို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်တာမျိုးတွေ လုပ်ဆောင်ဖို့အတွက် အစိုးရမှာ တာဝန်လည်းရှိသလို လုပ်လည်းလုပ်နိုင်ပါတယ်။ အခုလိုမျိုးအခြေအနေတွေရှိရဲ့သားနဲ့ ဒါတွေကြောင့်မို့ လာရောက်ခွင့်မပေးဘူးဆိုတာကတော့ ကျနော်တို့ တံခါးပိတ်ပြီးတော့ ကိုယ်ရဲ့သတင်းတွေကိုပိတ် ထားပြီးတော့ လုပ်ဆောင်တဲ့သဘောမျိုးဖြစ်ပါတယ်။

Share.

Leave A Reply