ဓနုဖြူက ကလေးနှိပ်စက်ညှင်းပမ်းမှု ကျူးလွန်သူကို ထောင်ဒဏ် (၂) နှစ် ချမှတ်

0

ဓနုဖြု ကလေးနှိပ်စက်ညှင်းပမ်းမှုမှာ ကျူးလွန်သူ ရဲလေးကို ဓနုဖြုမြို့နယ်တရားရုံးကနေ ကလေးသူငယ်ဥပဒေ (၁၉၉၃) ပုဒ်မ (၆၆) (ဃ) ကလေးသူငယ်အပေါ် နှိပ်စက်ခြင်းပုဒ်မအရ ထောင်ဒဏ် (၂) နှစ် ဒီနေ့ချမှတ်လိုက်ပါတယ်… နောက်ထပ် ရာဇသတ်ကြီးပုဒ်မ ၃၂၅၊ ၅၀၆ တို့အရ ဆက်လက် စစ်ဆေးဆဲဖြစ်ပါတယ်…… ကလေးတွေကိုတော့ ပုသိမ်က လူကယ်ပြန်ဌာနက စောင့်ရှောက်ထားပါတယ်….

ဒီလို တရားဥပဒေအတိုင်း ထိရောက်စွာ အရေးယူနိုင်အောင် သတင်းပေး၊ စုံစမ်း၊ တာဝန်ယူပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်….တိုင်ကြားသူမရှိခဲရင် ဒီလိုအမှုတွေကို ဖော်ထုတ်နိုင်မှာမဟုတ်ပါဘူး.. ဒီလိုကလေးပေါင်းမြောက်များစွာဟာ လူမဆန်တဲ့ နှိပ်စက်ညှင်းပမ်းမှုတွေကို လူမသိသူမိဘယ်လောက်ကြာကြာ ဆက်ခံစားနေရမလဲဆိုတာ မစဉ်းစားဝံ့စရာပါ…

လူထုရဲ့ တာဝန်သိစွာ သတင်းပေးမှုနှင့် တာဝန်ရှိရာဌာနတွေရဲ့ အရေးယူဆောင်ရွက်မှုတွေကြောင့် အခုလို အဆင်ပြေတာဖြစ်ပါတယ်.. လူထုအနေနဲ့ တာဝန်ပိုသိသလို အစိုးရဌာနတွေဖက်ကလဲ တာဝန်ပိုရှိလာပေးခြင်းဖြင့် ကလေးတွေကို ၀ိုင်းဝန်းကာကွယ်ပေးကြပါစို့…

ဒီအမှုအတွက် ၀မ်းသာရင်း စဉ်းစားလာမိတာ ဆိုရှယ်မီဒီယာရဲပ အရေးကြီးတဲ့ အခန်းကဏ္ဍအကြောင်းပါ….

ဆိုရှယ်မီဒီယာဆိုတာ “သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေး” လို့ ပြောလို့ ရပါတယ်… ဒီမီဒီယာကြောင့် အခုလိုကလေးတွေအပေါ် နှိပ်စက်ညှင်းပမ်းမှုတွေကို တင်ပြလာနိုင်တယ်.. အရေးယူလာနိုင်တယ်..တရားစီရင်မှုကို စောင့်ကြည့်လေ့လာနိုင်ခဲ့တာဖြစ်ပါတယ်… စိတ်ထားရည်ရွယ်ချက်ကောင်းတဲ့သူတွေလက်ထဲမှာ ဆိုရှယ်မီဒီယာဟာ အကျိုးရှိနေပါတယ်..
တဖက်မှာလဲ ဒီဆိုရှယ်မီဒီယာကိုဘဲ အသုံးချပြီး ကလေးတွေအပေါ် လိင်ပိုင်းအမြတ်ထုတ်တာ၊ လူကုန်ကူးတာတွေ လုပ်နေကြပြန်ရော.. ကောင်းမွန်အောင် အသုံးပြုနိုင်တဲ့ ဆိုရှယ်မီဒီယာဟာ မသမာသူတွေရဲ့ လက်ချက်နဲ့ မကောင်းတဲ့နေရာမျိုးမှာ အသုံးချခံနေရပြန်ပါတယ်…
ဒီတော့ ဆိုရှယ်မီဒီယာကို ကောင်းမွန် မွန်မြတ်တဲ့နေရာမှာ စနစ်တကျအသုံးပြုတတ်ဖို့ အထူးအရေးကြီးလှပါတယ်…

Share.

Leave A Reply