လူအခွင့်ရေးချိုးဖေါက်မှု ထမ်မံပေါ်ထွက်ဟု AI ပြောကြား

0

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူမျိုးတုံးရှင်းလင်းရေးတွေလုပ်ဆောင်ခဲ့တဲ့ အထောက်အထားတွေ ထပ်မံရရှိနေတယ်လို့ လန်ဒန်မြို့အခြေစိုက် AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဗုဒ္ဓဟူးနေ့ မနေ့က ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ဘင်္ဂလားဒေ့ရှ်ကို ထပ်မံထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁၉ ဦးကို တွေ့ဆုံမေးမြန်းခဲ့ရာမှာ သူတို့ကို မြန်မာတပ်ဖွဲ့တွေက စပါးစိုက်ခင်းတွေရိတ်ခွင့်မပြုသလို နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေလည်း လာခွင့်မပေးဘဲ အငတ်ဘေးဆိုက်အောင်ပြုလုပ်ခြင်း၊ ဖမ်းဆီးလိုတဲ့ မွတ်စလင်ယောင်္ကျားတွေကို ရှာဖွေမရတဲ့အခါ ဇနီးနဲ့ သမီးတွေကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းနဲ့ စစ်ဆေးရေးဂိတ်တွေမှာ လုယက်ခြင်းတွေ ပြုလုပ်နေတယ်လို့ ပြောဆိုကြကြောင်းနဲ့ ရိုဟင်ဂျာတွေ နှိပ်စက်ခံနေရတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့အရေးယူမှုတွေ အားနည်းနေကြောင်း စသဖြင့် AI ရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

Share.

Leave A Reply