လူ့အခွင့်အရေးစကားသံ အပိုင်း(၁၀၉ ) ပါပွီးထံမှသင်ယူခြင်း (ပထမပိုင်း)

0

ကလေးတွေအပေါ် အကြမ်းဖက်တာတွေကို သိရှိနားလည်ဖို့၊ အကြမ်းဖက်တာတွေကို တားဆီးနိုင်ဖို့ ရည်ရွယ်ပြီး “ ပါပွီး၊ နဂါးလေးနှင့် တစုံတရာ၏စွန့်စားခန်းများ”ဆိုတဲ့ ဇာတ်လမ်းကို အခန်းလိုက်တင်ဆက်နေပါတယ်။

ပြီးခဲ့အပတ်တုံးက ပါပွီးနဲ့ သူရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ နဂါးလေး၊ တစုံတရာတို့အကြောင်းကို မိတ်ဆက်တင်ပြထားခဲ့တယ်နော်။ ပါပွီးနဲ့ တစုံတရာဟာ နဂါးလေးကိုစီးပြီး ကမ္ဘာကို လှည့်လည်ကြည့်ရူရင်း ကလေးတွေအပေါ် အကြမ်းဖက်မှုတွေ ဘယ်လောက်ဆိုးဝါးနေသလဲဆိုတာကို သိလာတဲ့အကြောင်း တင်ဆက်ထားပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားမယ်လို့ မျှော်လင့်ပါတယ်။

ဒီတပတ်မှာတော့ ပါပွီးလေးနဲ့ ပရိသတ်တွေကို ကလေးတွေအများဆုံးကြုံတွေ့ရတတ်တဲ့ အကြမ်းဖက်ပုံစံတွေနဲ့ အကြမ်းဖက်မှုဘာကြောင့်ဖြစ်ရလဲဆိုတဲ့အကြောင်း ဆန်းစစ်ဖော်ထုတ်ဖို့ လိုအပ်တဲ့အကြောင်း ရှင်းပြထားပါတယ်။ ကလေးများအပေါ် အကြမ်းဖက်မှုအမျိုးအစား၊ အကြမ်းဖက်မှုရဲ့ အကြောင်းရင်းနဲ့ အကြမ်းဖက်မှုသံသရာ စတဲ့အကြောင်းတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးကို ညီမျှခြင်းမြန်မာအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်း၊ နိုင်ငံကျော် သရုပ်ဆောင် ခိုင်နှင်းဝေတို့က ကလေးငယ်များ(United ACT အဖွဲ့ သားများ)အား ဇာတ်လမ်း ပြောပြခြင်းအပြင် ၊ ကာတွန်းပုံ motion movieကို အသုံးပြုပြီး ကလေးများအကြိုက် ဇာတ်လမ်းပုံစံ ရိုက်ကူးထားသော ပညာပေးအစီစဉ်လေးဖြစ်ပါတယ်။

Share.

Leave A Reply