မြန်မာနိုင်ငံရဲ့ ကလေးစစ်သားအခြေအနေတွေ၊ လူကုန်ကူးမှုအခြေအနေတွေ တိုးတက်လာတယ်လို့ အမေရိကန်အစိုးရဖက်က အသိအမှတ်ပြု

0

၂၀၁၇ခုနှစ် ဇွန်လ ၂၈ရက် ဗုဒ္ဓဟူးနေ့ မနက်ခင်း ဘီဘီစီ ရေဒီယို အစီအစဉ်ကို လန်ဒန်မြို့ကနေ တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။

အစီအစဉ်မှူး ဒေါ်ယဉ်ယဉ်မေနဲ့ သတင်းဖတ်ကြားသူ မသီဒါနွယ်တို့က တင်ဆက်ပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကလေးစစ်သားအခြေအနေတွေ၊ လူကုန်ကူးမှုအခြေအနေတွေ တိုးတက်လာတယ်လို့ အမေရိကန်အစိုးရဖက်က အသိအမှတ်ပြုလာပါတယ်.. ကျနော့်အနေနဲ့ကမြန်မာအစိုးရဖက်က တိုးတက်လုပ်ဆောင်လာမှုတွေကို အသိအမှတ်ပြုပါတယ်.. ဒါပေမဲ့ တကယ်တမ်းစိတ်ရင်းစေတနာနဲ့ အမှန်တကယ်လုပ်ဆောင်တာဖြစ်ဖို့တော့လိုပါတယ်.. အမေရိကန်အစိုးရဖက်က နိုင်နှစ်ငံအကြား ဆက်သွယ်မှုကောင်းချင်တဲ့အချက်ကို အခွင့်ကောင်းယူပြီး လုပ်ပြယုံသက်သက်တော့ မဖြစ်သင့်ပါဘူး..

အမှန်တကယ် ကလေးစစ်သားတွေ ပပျောက်အောင်၊ လူကုန်ကူးမှုတွေ ပပျောက်အောင် တကယ်တမ်းလုပ်ရင် ပြည်သူတွေကလဲ ထောက်ခံမှာပါ.. နိုင်ငံတကာကလဲ ချီးကျူးမှာပါ..

အခုထက်ပိုလုပ်သင့်သေးတာ အများကြီးကျန်ပါသေးတယ်…

၂၀၁၇၊ ဇွန် ၂၈ BBC Live Radio
အစီအစဉ် –
မယဉ်ယဉ်နွယ်(သတင်းဖတ်ကြားသူ) – အမေရိကန်အစိုးရကထုတ်ပြန်လိုက်တဲ့ ကမ္ဘာတစ်ဝန်းလူမှောင်ခို ကူးမှုဆိုင်ရာ အစီအရင်ခံစာထဲမှာ မြန်မာနိုင်ငံကို စောင့်ကြည့်ရမဲ့ နိုင်ငံအုပ်စု အဆင့် (၃) ကနေ အဆင့် (၂) ကိုလျှော့လိုက်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ တကယ်ကောလူကုန်ကူးခံနေရတဲ့ ပြဿနာ လျော့နည်းတာမျိုးတွေ့ရပါလား။ လူ့အခွင့်အရေးအခြေအနေတွေ စောင့်ကြည့်လေ့လာနေတဲ့ ညီမျှခြင်းမြန်မာ အဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်းကို ကိုဝေဖြိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

ဖြေ –
ဦးအောင်မျိုမင်း – အစိုးရပိုင်းအနေနဲ့ အရင်ကထက်လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ဆောင်လာတာကတော့ ရှိပါတယ်။ ဒါပေမဲ့ တကယ့်မြေပြင်အခြေအနေမှာ လူကုန်ကူးမှုတွေကို ထိရောက်စွာအရေးယူနိုင်တဲ့ အနေအထားကတော့ သိပ်မရှိသေးဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ အခုအချိန်အထိ လူကုန်ကူးမှုကိစ္စတွေ ရှိနေတုန်းပဲ၊ လူကုန်ကူးတဲ့နေရာမှာ ပြည်တွင်းအချင်းချင်းလူကုန်ကူးတဲ့ကိစ္စတွေရှိနေသလို ပြည်တွင်းကနေ ဒီထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ စတဲ့ ဖက်ကို လူကုန်ကူးခံရတဲ့ အဖြစ်တွေ ဆက်လက်ရှိနေတုန်းပါပဲခင်ဗျ။ ထိုင်းနိုင်ငံဖက်မှာကတော့ စက်ရုံကိစ္စတွေ၊ စက်လှေကိစ္စတွေ ဒီရေလုပ်ငန်းကိစ္စတွေမှာ လူကုန်ကူးတဲ့ကိစ္စက ဆက်လက်ရှိနေတုန်းပါပဲ။ အမျိုးသမီးငယ်တွေလူကုန်ကူမှုကတော့ ဒီသုံးလေးနှစ်အတွင်းမှာ တရုတ်နိုင်ငံကို လူကုန်ကူးမှု တိုးတက်လာပါတယ်။

မေး
ကိုဝေဖြိုး – အာဏာပိုင်တွေဖက်ကနေ ထိရောက်စွာအရေးမယူနိုင်ဘူးဆိုတာ ဘယ်လိုအခက်အခဲမျိုး အဟန့်အတားမျိုးတွေရှိနေလို့ပါလဲခင်ဗျ။

ဖြေ –
ဦးအောင်မျိုးမင်း – အရင်ကထက်စာလို့ရှိရင် လူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့တွေရှိလာတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေး နေ့တွေကျင်းပလာတယ်။ ပြဿနာက လူကုန်ကူးတဲ့သူတွေ က တကယ့်ကိုငွေများများနဲ့ လုပ်ဆောင်နေကြတာပါ။ အမြတ်အစွန်းကလည်း အရမ်းများတဲ့အတွက် အချို့သော နေရာတွေမှာ ဒီလူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတွေက လုပ်ဆောင်နေသည့်တိုင်အောင် ဒေသခံရဲတွေ ရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူး။ အဂတိလိုက်စားမှုက ဖြစ်နေတဲ့အခါ ဒီပြဿနာတစ်ခုရှိပါတယ်။ နောက်ထပ်တစ်ခုက တော့ နိုင်ငံကိုဖြတ်ကျော်ပြီးတော့ လူကုန်ကူးတဲ့အချိန်မှာ ကိုယ့်ဖက်က တစ်ခုတည်းနဲ့ မရဘူးခင်ဗျ။ တစ်ဖက်နိုင်ငံမှာရှိတဲ့ ရဲတပ်ဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်ပါတယ်။ ထိုင်းနိုင်ငံ သို့မဟုတ် တရုတ်နိုင်ငံမှာ ရှိတဲ့ ဒီ ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိတဲ့သူတွေက မစုံစမ်းနိုင်တာတွေ ၊ မကယ်တင်နိုင်တာအဲ့ဒီ့အမှုဖြစ်ပါတယ်။ နောက် အဂတိလိုက်စားမှုတွေရှိနေတုန်းပဲ။ နိုင်ငံအလိုက် တာဝန်ရှိတဲ့သူတွေ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတုန်းပါပဲ။

မေး –
ကိုဝေဖြိုး (BBC) – နောက်ထပ်တစ်ခု အမေရိကန်အစိုးရကတော့ သူတို့ရဲ့ ဒီလူကုန်ကူးမှု ဆိုင်ရာအစီအရင်ခံစာထဲမှာ မြန်မာနိုင်ငံကို စောင့်ကြည့်စာရင်းဒီအဆင့်(၃)နေရာကနေ အဆင့်(၂) နေရာကို ဒီမြှင့်ပြီးတော့ သတ်မှတ်ပေးလာတာကို တွေ့ရပါတယ်ဗျ။ ဒီလိုမျိုးအဆင့်ကို ဘာဖြစ်လို့ သတ်မှတ်လာတာလဲလို့ ယူဆရပါသလဲခင်ဗျ။

ဒီကိစ္စကတော့ အမေရိကန်အစိုးရရဲ့ Policy ပေါ်မှာလဲ အများကြီးသတ်ဆိုင်နေတယ်လို့ထင်ပါတယ်။ တစ်ဖက်မှာလဲ တိုးတက်မှုကို အသိအမှတ်ပြုတဲ့ပုံစံတင်မကဘဲနဲ့ မြန်မာနိုင်ငံနဲ့ပတ်သတ်သော အရေးယူဆောင်ရွက်မှုတွေကို တစ်ခုပြီးတစ်ခု ပြန်လည်လျောချချင်တယ်၊ ပြန်လည်ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်စေချင်တယ်၊ တစ်ဖက်မှာက မြန်မာနိုင်ငံအနေနဲ့ အခုဆို တရုတ်နိုင်ငံဖက်ကို သံတမန်နည်းအရ ထိစပ်နီးစပ်မှုတွေရှိတဲံအတွက်ကြောင့် ပြန်လည်ပြီးဆက်ဆံမှုကောင်းမွန်လာအောင် လုပ်ဆောင်လိုတဲ့ အကြောင်းမျိုးလဲဖြစ်နိုင်ပါတယ် လို့သုံးသပ်လိုပါတယ်။

မေး –
ကိုဝေဖြိုး(BBC)
နောက်ဆက်တွဲအနေနဲ့ကော အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာကြားမှာ ဆက်ဆံရေးအခြေအနေ အလားအလာ ဘယ်ကိုဦးတည်နေတယ်ဆိုပြီးတော့ ဦးအောင်မျိုးမင်းတို့ ယူဆမိပါသလဲခင်ဗျ။

ဖြေ –
ဦးအောင်မျိုးမင်း – အရင်တုန်းက လူ့အခွင့်အရေး အခြေအနေ ၊ကလေးစစ်သားအခြေအနေ၊ လူကုန်ကူးမှုအခြေအနေ တွေကြောင့် အရေးယူကာပိတ်ဆို့ထားတဲ့ အရာမှန်သမျှ အကုန်လုံးကို ဖယ်ရှားမဲ့ သဘောမျိုးရှိပါတယ်။ နောက်ထပ်တစ်ခုကတော့ ဒီလိုမျိုးကိစ္စတွေ ကင်းလာပြီဆိုရင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လိုပြီ ဆိုပြီး သံတမန်နည်းနဲ့လုပ်ဆောင်တာတွေ၊ တစ်ချိန်ထဲမှာပဲ စစ်ရေးအရပူးပေါင်းပြီးတော့ ပူးတွဲလုပ်ဆောင်မှုလုပ်ငန်း တွေကို လုပ်ဆောင်နိင်တဲ့အဆင့်ကို သူတို့ထပ်သွားချင်တဲ့သဘောမျိုးရှိနေပါတယ်။

Share.

Leave A Reply